Local News

ဆန်၊ ဆန်ကွဲ၊ ဖွဲနုဈေးများ အနည်းငယ်ကျဆင်း

Last Updated:

ပဲခူးကုန်စည်ဒိုင်တွင် ဆန်မျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ (၂၃.၂.၂၀၂၄)ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ) တစ်အိတ်လျှင် (၈၂၀၀ဝိ/-)ကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း) တစ်အိတ် လျှင် (၁၃၀၀၀ဝိ/-)ကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်) တစ်အိတ်လျှင် (၁၁၀၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ (1,2) တစ်အိတ်လျှင် (၅၄၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ (2,3,4) တစ်အိတ်လျှင် (၅၂၀၀ဝိ/-)ကျပ်နှင့် ဖွဲနု တစ်အိတ် လျှင် (၁၅၉၀ဝိ/-)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ (၁.၃.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ) တစ်အိတ်လျှင် (၈၀၀၀ဝိ/-)ကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း) တစ်အိတ်လျှင် (၁၂၀၀၀ဝိ/-)ကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်) တစ်အိတ်လျှင် (၁၀၀၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ(1,2) တစ်အိတ်လျှင် (၅၃၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ(2,3,4) တစ်အိတ်လျှင် (၅၁၀၀ဝိ/-)ကျပ်နှင့် ဖွဲနု တစ်အိတ် လျှင် (၁၅၆၀ဝိ/-)ကျပ် တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန် (မနောသုခ)တစ်အိတ်လျှင် (၂၀၀ဝိ/-) ကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း) တစ်အိတ်လျှင် (၁၀၀၀ဝိ/-)ကျပ်၊ ပေါ်ဆန်းမွှေးဆန် (သစ်) တစ်အိတ်လျှင် (၁၀၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ (1,2) တစ်အိတ်လျှင် (၁၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ (2,3,4) တစ်အိတ်လျှင် (၁၀၀ဝိ/-)ကျပ်နှင့် ဖွဲနု တစ်အိတ်လျှင် (၃၀ဝိ/-) ကျပ်တို့ဖြင့် ဈေးကျဆင်းခဲ့ပါသည်။ ဆန်၊ ဆန်ကွဲ၊ ဖွဲနု ဈေးကျဆင်းသွားခြင်းမှာ ဝယ်လိုအားနည်းခြင်း၊ ပစ္စည်းများ အဝင်များလာခြင်းတို့ကြောင့် ဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဥက္ကဋ္ဌထံမှ သိရှိရပါသည်။

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News